Thursday, March 20, 2014

Hakha gamsungah Vanleng khat kia ci

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟာသာ၊ ဟိုင်ဖိုင်နယ်မြေ၊ ဟားခါးမှ မိုင်(၂၀)ခန့်အကွာတွင် လေယာဉ် တစ်စင်းပျက်ကျခဲ့ကြောင်း ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်နေ ပူးထောင်ကျုံးထံမှ ကြားသိရကြောင်း၊ ပထမမှာတော့ အဲဒီလေယာဉ်ဟာ မလေးရှားလေယာဉ်ဟု ယူဆသော်လည်း သတင်းအတိအကျ မရရှိနိုင်ပါ။ ဒီကနေ့ (၂၀.၃.၂၀၁၄)ရက်နေ့ မနက်ပိုင်းတွင် စစ်ဗျူဟာမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ဆေးရုံမှ တာဝန်ရှိ ဆရာဝန်ကြီးများနှင့် ကယ်ဆယ်ရေးအဖွဲ့များဖြင့် သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းလေယာဉ်ဟာ မြန်မာနိုင်ငံပိုင် လေယာဉ်ငယ်များဖြစ်ကြောင်း သုံးသပ်ရပြီး (၂၃.၂.၂၀၁၄)ရက်နေ့တွင် လည်းဟားခါးမြို့တွင် တစ်ခေါက် ရောက်ရှိဖူးတယ်လို့ သိရှိရပြီး တစ်ချို့က အဲဒီ လေယာဉ်ဟာ ဟားခါးမြို့တွင် လေယာဉ်ကွင်းတည်ဆောက်ရန်နေရာအား သွားရောက်စစ်ဆေးရာမှ အပြန်လမ်းတွင် အဲလို ပျက်ကျခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။

No comments:

Post a Comment